နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လိမ္မော်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း

ထန်ပါခွ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လိမ္မော်သီးနှံများ ယမှန်နှစ်ထက် စိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြကြောင်း သိရသည်။

လိမ္မော်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတာပါ၊ ပြီးခဲ့တဲ့နှစ်ကတော့ လိမ္မော်သီးတစ်လုံးကို ငွေကျပ် ၅၀မှ ၁၀၀ နှုန်းနဲ့ရောင်းချပြီး ယခုနှစ်တွင် ငွေကျပ် ၁၅၀ မှ ၂၀၀ နှုန်းအထိရရှိပါတယ်၊ လိမ္မော်သီးကအလုံးလည်းထွား၊ ချိုလည်ချိုတော့ စားသုံးသူအကြိုက်တွေ့လို့ ရောင်းအားလည်းကောင်းပါတယ် ဟုထန်ပါခွေမြို့ တစ်နိုင်တစ်ပိုင် လိမ္မော်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ဦးကြူဆန်းထောင်း၏ ပြောပြချက်အရ သိရသည်။

အလန် (ပြန်/ဆက်)