ပေါက်ခေါင်းမြို့၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ပေါက်ခေါင်း     ဒီဇင်ဘာ    ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းရန်ပုံငွေ‌လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းက အဖွင့်အမှာစကားနှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းနှင့်ပက်သက်၍ ယခုရရှိသောစီမံကိန်းကိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အစုအဖွဲ့ဖြင့်ဆောင်ရွက်ရသောစီမံကိန်းဖြစ်သဖြင့် အသက်မွေးဝမ်းကြောင်းအစုအဖွဲ့များအနေဖြင့်လည်း စည်းစည်းရုံးရုံးဖြင့်စီမံကိန်းကို အောင်မြင်အောင်ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။ ယင်းနောက် (RBF)စီမံကိန်းရရှိသောလေးကြီးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)အား ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်က လွှဲပြောင်းပေးအပ်ရာ ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းအဖွဲ့တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေးကြီးကျေးရွာရပ်မိရပ်ဖများနှင့်အသက်မွေးဝမ်းကျောင်း အစုအဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)