ပန်းတောင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးအခမ်းအနား ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အိမ်တွင်းအကြမ်းဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်း၊ မတူညီသော ပတ်ဝန်းကျင်နေရာဒေသအလိုက် တိုးပွားလျက်ရှိရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး မိမိတို့အားလုံးအတူတကွ စုပေါင်းကာ တားဆီးကာကွယ်ကြရန်နှင့် ယခုနှစ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီး ဆောင်ပုဒ်၏ အဓိကအလေးပေးလိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယုကြည်ကြည်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုများအကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ပေါ်ပေါက်လာပုံနှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု (Gender Base Violence)အကြောင်းအားလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်မှ ကျား/ မဆိုင်ရာ (Gender)အကြောင်း အသိပညာပေးရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)