မြိတ် ဒီဇင်ဘာ ၁
မြိတ်ခရိုင်၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV)အသိပညာပေးဟောပြောပွဲကို မြိတ်မြို့ အ-ထ-က(၂) အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြိတ်ခရိုင်လူမှု၀န်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီ၀င်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်သီသီအေးက ကျား၊မအခြေပြု အကြမ်းဖက်မှုအအကြောင်း သိပညာပေးဟော ပြောခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအားလူမှုရေးအရ ခွဲခြားသတ်မှတ်သည့်ကျား၊ မရေးရာစံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန် ကျူးလွန်သည့်အပြုအမူများကို သိရှိစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံအမျိုးမျိုးမှ တားဆီးပေါင်းစုကာကွယ်ပေးရန် ရည်ရွယ်ချက်များအား ဟောပြောခဲ့ပါသည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုကို နို၀င်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ(၁၆)ရက်တာ သတ်မှတ်ထားပါသဖြင့် အသိပညာပေးဟောပြာပွဲ အခမ်းအနားသို့ မြိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာအေးနှင့်အဖွဲ့၀င်များ၊ ခရိုင် ပညာရေးမှူး၊ ခရိုင်ပြန်/ဆက် ဦးစီးမှူးနှင့်ခရိုင်လူမှု၀န်ထမ်းမှ၀န်ထမ်းများကတက် ရောက်ခဲ့ကြသော ကျောင်းသား၊ သူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းနှင့် အချိုရည်ဘူးများ လက်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြိတ်ခရိုင် (ပြန်/ဆက်)