ခိုလမ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးထားရန်နှင့် မမေ့လျော့စေရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု-မူလတန်းပြ ဆရာမ ဒေါ်ခင်နှင်းသက်မှ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူဦးရေ(၁၀၀)ဦးခန့်တို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)