တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဘောလုံး၊ ဘော်လီဘော အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ   ဒီဇင်ဘာ ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် အခြေခံဘောလုံး၊ ဘော်လီဘောအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦးတို့မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ‌ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်တို့မှ နည်းပြများအား ဂုဏ်ပြုငွေချီးမြှင့်ခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး‌ ဒေါ်လေးဇာဇာလှိုင်းမြင့်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုအောင်အား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး၊ လူငယ်ရေးရာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

သီတာအေး(ပြန်/ဆက်)