သရက် ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဒီဇင်ဘာ (၂) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စွမ်းရည်ထက်မြက်လာစေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းကို သိရှိပြီး မျိုးချစ်စိတ်ဓာတ်ပြည့်ဝလာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး Book Club အဖွဲ့ဝင် ကဗျာဆရာ မောင်မင်းသိမ်း (သရက်) က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ''အမျိုးသားအောင်ပွဲနေ့မှသည် ဗလငါးတန်ပြည့်ဝရေးသို့'' ခေါင်းစဉ်ဖြင့် အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၂) ကျောင်း၊ မူလွန်ကျောင်း (၁) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)