ရပ်စောက်မြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက မင်းကြီးသုံးပါး ဂိတ်စုရပ်နေရာမှ စတင်၍ ဗထူးဂေါက်လေ့ကျင့်ရေးကွင်းအထိ စုပေါင်း၍ အင်အား(၂၀၀)ဦးခန့် လိုက်ပါ လမ်းလျှောက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ မင်းကြီးသုံးပါးစုရပ်နေရာတွင် ကိုယ်လက်ကြံ့ခိုင်ရေး အကြောလျှော့လေ့ကျင့်ခန်းကို စုပေါင်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လမ်းလျှောက်ပွဲသို့ လိုက်ပါကြသူများအား ကောက်ညှင်းပေါင်း၊ ရေသန့်ဗူးများ ဝေငှကျွေးမွေးခဲ့ကြကာ ဖုန်းငွေဖြည့်ကဒ် (၅၀)ကဒ်ကိုလည်း မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၉၊ ၁၆၊ ၂၃၊ ၃၀ ရက်နေ့များတွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)