ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်အတွက် ကာယကြံ့ခိုင်ရေးပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၄

ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုစေသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်အတွက် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်းကာယကြံ့ခိုင်ရေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကာယကြံ့ခိုင်ရေးပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်က ကာယကြံ့ခိုင်ရေး ကျောင်းတွင်းပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မူလတန်းအဆင့် ကာယကြံ့ခိုင်ပြိုင်ပွဲတွင် Grade- 4 နှင့် Grade -4၊ အလယ်တန်းအဆင့်ပြိုင်ပွဲတွင် Grade -6 ၊ Grade -7၊ Grade -8 နှင့်  Grade -9တို့က တစ်ဖွဲ့လျှင် အသင်းသား (၂၀)ဦးစီးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရသည့်အတန်းများကို ကျောင်းအုပ်ဆရာမကြီးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

“ကျမတို့ ကျောင်းစာသင်ချိန်တွေမှာ ကာယအချိန်ပါ ပါတယ်၊ အဲ့ဒီအချိန် ကာယအချိန်တွေကို အထောက်အကူ ဖြစ်စေဖို့နဲ့ ကျောင်းသား/သူတွေ ခန္ဓာကိုယ်ကြံ့မာကျန်းခိုင်ပြီး ကျောင်းစာတွေ သင်ကြားတဲ့အခါမှ အထောက်အကူဖြစ်စေဖို့ အခုလို ကျောင်းတွင်းကာယကြံ့ခိုင်ရေးပြိုင်ပွဲတွေကို ကျင်းပပေးတာဖြစ်ပါတယ်၊ ဆက်လက်ပြီးလည်း မူလတန်းအဆင့်ကလေးတွေပါ ပြိုင်ပွဲတွေ ကျင်းပပေးအုံးမှာဖြစ်ပါတယ်” လို့ ကာယကြံခိုင်ရေးပြိုင်ပွဲ ကျင်းပရတဲ့အကြောင်းကို ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူပေါင်း (၉၀၀) ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်