မုံရွာမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (ထက်၊ လယ်)ဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(ထက်၊ လယ်)ဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့်စာစီစာကုံး ပြိုင်ပွဲတွင် “အမျိုးသားနေ့နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့ တို့မမေ့”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ထက်လယ်အဆင့် ကဗျာပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ထက်လယ်ဆင့်ပန်းချီးပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲနေ့ တို့မမေ့ “ခေါင်းစဥ်ဖြင့်လည်းကောင်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)