စစ်တွေ ဒီဇင်ဘာ ၄
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။
ဦးစွာ စစ်တွေမြို့နယ်ပညာရေးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ စာစီစာကုံးပြိုင်ပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ပြိုင်ဖြင့်ကျင်းပခြင်းဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူ ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)