မိုင်းယောင်းမြို့တွင် နဂါးရုံဘုရား တည်ထားကိုးကွယ်နိုင်ရန် ညှိနှိုင်းစည်းဝေး

မိုင်းယောင်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် နဂါးရုံဘုရားတည်ထားကိုးကွယ်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားပြီး တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ တပ်နယ်တပ်ရင်းမှ တာဝန်ရှိသူများ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက နဂါးရုံဘုရားတည်ထားကိုးကွယ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဝမ်ဇလီလော်) ကျောင်းဆရာတော်က နဂါးရုံဘုရားတည်ထားကိုးကွယ်မှုနှင့်ပတ်သတ်၍ နိဂုံးချုပ်ဩဝါဒမိန့်ကြားပြီး  နဂါးရုံဘုရား တည်ထားကိုးကွယ်မည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့ကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)