နေပြည်တော် ဒီဇင်ဘာ ၅
နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးဆီလုံလောက်စွာ ရရှိရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အတွင်းရေးမှူး ဦးခမ်လျန်စွမ်းက စားသုံးဆီဈေးနှုန်းများနှင့် နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဝင်များအနေဖြင့် လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကူညီပံ့ပိုးပေးနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးဆီလုံလောက်စွာ ရရှိရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)