ချမ်းမြသာစည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈လမ်းနှင့် ၅၉ လမ်းထောင့်ရှိ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူ (၇၁)ဦးအား ယနေ့ နံနက် ၉:၀၀ နာရီ အချိန်၌ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ပညာရေးဌာနမှ ဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံကြမည့် အသက် (၉) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများကို စာရင်းမှတ်တမ်းရေးသွင်းပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရန်ကျန်ရှိသည့် ကျောင်းများမှ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ချမ်းမြေ့