ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ခွင့် ဖြေဆို

ချမ်းမြသာစည် ဒီဇင်ဘာ ၅   

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုရာတွင် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်စာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်တို့ကို ဖြေဆိုပြီးနောက် ဒီဇင်ဘာ ၆ ရက်‌နေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့ နှုတ်ဖြေနှင့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဆက်လက်ဖြေဆိုသွားရမည်ဖြစ်ပြီး ချမ်းမြသာစည် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ Grade-9၊ Grade-10၊ Grade-11၊ Grade-12 အသီးသီးမှ လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၂)ဦးအနက် (၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ချမ်းမြေ့