သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲကျင်းပ
Dec 06,2023
ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်ရည်ရွယ်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲကို ယမန်နေ့ နံနက် (၉:၃၀) နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာမူလတန်းကျောင်း(တာကွန်)တွင် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(တာကွန်)သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်း၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်အစဉ်အလာမပျက် ရပ်ကွက်များမှ ငွေဆွမ်းကပ်ဦးခိုက်ပူဇော်
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကိုအစဉ် အလာမပျက် ရွှေစည်းခုံစေတီတော်ကြီး ပတ်ဝန်းကျင်ရှိ ရပ်ကွက်များကပဒေသာပင်များ၊ငွေပဒေဿာပင်များဖြင့်အမှတ် (၅)ရပ်၊ ရပ်ကွက် (၁၂)ရပ်ကွက်နှင့်လူမှုရေးအသင်းနှင့်ပြည်တွင်းဧည့် လမ်းညွှန်အသင်းတို့မှ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ မြို့တွင်းလှည့်သို့ အတီး၊ အမှုတ်၊ အကတို့ဖြင့် စီတန်းလှည့်လည်၍ ရွှေစည်းခုံစေတီတော်ကြီးကို ဦးခိုက် ပူဇော်ခဲ့ကြကြောင်းသိရသည်။
ဆီဆိုင်မြို့ အခြေခံပညာကျောင်းများ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာကျောင်းများ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးသည်။
နမ့်စန်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် ‘သတင်းစကား’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀နာရီတွင် ကျောင်းသား ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင်  လူငယ်စကားဝိုင်း ကျင်းပ 
Dec 06,2023
မန္တလေတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက်  ၉ နာရီခွဲအချိန်က အမှတ် (၃)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊  စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။