မိုင်းယောင်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသူ၊ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပေးရာတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းဖြစ်ကာ မြို့နယ်ဌာနဆိုင်ရာ ၃၀ ဌာနမှ အသင်းသားများ၏ စုစုပေါင်း စုဆောင်းငွေ ၂၂၄၆၃၂၀၀၀ ဖြစ်ပြီး အတိုးထုတ်ပေးငွေ ၇၉၉၅၂၀၀ ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ကို ၂၀၁၂ ခုနှစ် မေလ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းသား ၃၁၁ ဦးရှိကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)