ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၇)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ  ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်က ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူ(၁၃၇)ဦးအား ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခဲ့သည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ်သိန်းပေါင်းငါးထောင်အား ထုတ်ချေးပေးရန်လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်စသည့် ဆောင်းရာသီစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းကျပ်နှုန်းဖြင့် ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)