မင်းတုန်း ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ယနေ့နံနက် ၈ နာရီက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်(၂၇၀)စောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ ဆောင်းပါး၊ ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပညာရေးမျှော်မှန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)