သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃) မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊နံရံကပ် စာစောင်ပြသခြင်း ဆောင်ရွက်

သာကေတ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများကို (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောခြင်း၊ အမျိုးသားနေ့အထိမ်းအမှတ်နံရံကပ် စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက အမျိုးသားနေ့ပေါ်ပေါက်လာပုံအကြောင်းအရာများကို ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အားစာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း (၁၀၃) နှစ်​​မြောက် အမျိုးသား​နေ့အောင်ပွဲ​နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာ​စောင်များကို ဖြန့်​ဝေခဲ့ပြီး၊ အမျိုးသားနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ကြည့်ရှုစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မို့မို့သူ (ပြန်/ဆက်)