မဟာအောင်မြေမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ ​စာရေးဆရာမကြီး ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းကာ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ၊ Book club အဖွဲ့ဝင်ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းက ဘာပဲလုပ်လုပ်ခြေတစ်လှမ်းဖြင့် စတင်သင့်ကြောင်း၊ ဘာပဲလုပ်လုပ် စွန့်စားသင့်ကြောင်း၊ အောင်မြင်မှုအတွက် စွန့်စားသင့်ကြောင်း စာပေချစ်မြတ်နိုးသူ Book club အဖွဲ့ဝင်များမှာလည်း ဆရာမကြီးရေးသားထားသည့် (၈)ပုဒ်ထဲမှ စိတ်ခွန်အားဖြစ်သော ဗဟုသုတ ဖြစ်စေနိုင်သော အကြောင်းအရာများထဲတွင် Book Club အသင်းဝင်များက မိမိတို့ဖတ်ရှုလေ့လာထားသော စာစုများထဲမှ  စာဖတ်ခြင်းသည် ခွန်အားဖြစ်စေကြောင်း၊ စိတ်စွမ်းအားကိုပေးနိုင်ကြောင်း  မသန်စွမ်းသော လူငယ်တစ်ယောက်ဟာ စာပေတွေကို့လေ့လာမှတ်သားရာမှ စာပေတွေကို ကောင်းစွာဖတ်တတ်လာပြီး နောင်တစ်ချိန်လူရည် ချွန်တစ်ယောက်ဖြစ်လာကြောင်း၊ အချိန်ကိုတန်ဖိုးမှသာလျှင် အရာရာအဆင်ပြေပြီး တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် လေးစားမှုရှိလာနိုင်ကြောင်း၊ ပြဿနာတစ်စုံတစ်ခုကို စိတ်လိုက်မာမာ ဒေါသတစ်ကြီး မဆုံးဖြတ်သင့်ကြောင်း၊ အချိန်ယူစဥ်စားပြီးမှ အမှားအမှန်ကိုသိမည်ဖြစ်ကြောင်း စသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book club အဖွဲ့ဝင်ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းနှင့် Book Club အသင်းဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာဖတ်ဝိုင်းမှတဆင့် မျိုးဆက်သစ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းအမွေ ပေးနိုင်ရေးကိုလည်း စီစဥ်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ လစဥ်စာဖတ်ဝိုင်းများကိုလည်း စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း