နမ့်စန် (တ) ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက် ၉ နာရီတွင် အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးစသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးအန္တရာယ်အသိပညာပေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များနှင့် ပြန်/ဆက်ဦးစီးဌာန ၏ နယ်လှည့်လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသပေးခြင်းနှင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)