ပင်းတယ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MSMEs ဒေသထွက်ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေသအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးရာဇာငြိမ်းချမ်းက အဖွင့်အမှာစကားပြောကြားပေးပြီး၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန်းမှ MSMEs ဒေသထွက်ကုန်စည်ပြပွဲဆောင်ရွက်နိုင်ရန် စီမံထားမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေတင်ပြချက်များအပေါ် ဒေသအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ
MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နတ်တော်လတွင် ကျင်းပပြုလုပ်မည့် ဓနုအမျိုးသားနေ့အခမ်းအနားတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)