စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

စဉ့်ကူး ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပလျက်ရှိရာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊  ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ Grade-9 ၂၃ ဦး၊ Grade-10 ၁၂ ဦး၊ Grade-11 ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးတို့သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ယနေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ ဒီဇင်ဘာ(၈) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့အားလည်းကောင်း ဆက်လက်ဖြေဆိုသွားရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)