ပင်လောင်း ဒီဇင်ဘာ ၆
ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အရှေ့ရပ်ကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်က သင်္ချာဘာသာရပ်နှင့် မွန်းလွဲ ၁ နာရီအချိန်တွင် အထွေထွေ ဗဟုသုတဘာသာရပ်အား ဖြေဆိုခဲ့ပြီး၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဆက်လက်ဖြေဆိုသွားရမည်ဖြစ်ကြောင်း၊ လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုရာတွင် ရေးဖြေနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ဖြေဆိုအောင်မြင်သူများသည် ခရိုင်အဆင့်သို့ သွားရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်