ကံမမြို့နယ်၌ လူရည်ချွန် စိစစ်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ကံမ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်များ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များမှ Grade -9 မှ Grade -12 အထိ   ကျောင်းသား၊ ကျောင်းသူ (၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးခြင်း၊ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)