မိုင်းတုံမြို့နယ်ရှိ မြို့မဈေးနှင့်ဈေးတန်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်း​စေ​ရေး ကွင်းဆင်း

မိုင်းတုံ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မဈေးနှင့်ဈေးတန်းများ၌ ယ​နေ့နံနက် ၈ နာနာရီအချိန်က မီးဘေးအန္တရာယ်ကင်းရှင်း​စေ​ရေး ကွင်းဆင်းစစ်​ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်မိုး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ​ရေးမှ ဦးစီးအရာရှိဦး‌ဌေးဒမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကာမှ တာဝန်ခံ၊ မြို့နယ်မီးသတ်နှင့်မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်း၍ မြို့မ​စျေးအတွင်းနှင့်အပြင်‌ ဈေးတန်းတို့တွင် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်တို့ကို စနစ်တကျထားရေး၊ မီးသတ်‌‌ဆေးဗူးများ ဆိုင်ခန်းတိုင်းတွင် ချိတ်ဆွဲထားရှိ‌ရေး၊ မီးအသုံးပြုရာတွင် နံနက်၄နာရီမှ ၁၀နာရီအထိ တစ်ကြိမ်၊ ညနေ၄နာရီမှ ည၈နာရီအထိ သုံးစွဲကြ‌ရေးနှင့် သုံးစွဲပြီးပါက စနစ်တစ်ကျ မီးငြိမ်းသတ်စေရေး၊ မီးဘေးဖြင့် ကြုံတွေ့လာပါက ပြုလုပ်ရမည့်နည်လမ်းများကို မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)