ကျောက်တန်း ဒီဇင်ဘာ ၆
ကျောက်တန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖျက်မှုပပျောက်ရေး GBV အသိပညာပေးသင်တန်းကို ၅.၁၂.၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမ္ဗာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၂ ဦးစိုးမြင့်ကျော် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းနှင့် အမျိုးသမီးရေးရာမှ တာဝန်ရှိသူများ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးစိုးမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူမှူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးသမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်ဆက်)