မော်လိုက် ဒီဇင်ဘာလ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလုပ်ရှားမှုအထိမ်းအမှတ်(Gender Based Violence)အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယှဉ်လှက ပါဝါ(၄)မျိုးအဓိပ္ပာယ်ဖွင့်ဆိုချက်၊ အခွင့်အလှမ်းတူညီမှု၊ လူမှုပုံစံသွင်းခြင်း(socialization)၊ ကိုယ်ပိုင်ပုံစံမှတ်ယူခြင်း(Internallzation)၊ ဂျန်ဒါတရားသေ ပုံသေကားချပ်ယူဆခြင်း(Gender Stereotyping) စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ပြသကာ အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)