သတင်းများ

မင်းလှ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး ဟောပြော
Dec 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောခြင်းကို ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Dec 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 07,2023
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ) စံကွက်ရိတ်သိမ်းခြင်းနှင့်‌ကောက်သစ်စားပွဲ ကျင်းပ
Dec 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါး(ဆာဖိုးသာ)စံကွက်ရိတ်သိမ်းခြင်းနှင့်ကောက်သစ်စားပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ကွင်းအမှတ်(၈၆၁)၊ ဦးပိုင်(၃၆/၁) တောင်သူဦးခင်အောင်ရွှေ၏ (၁.၅၀)ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ  တက်ရောက်ကြသည်။
မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင် ပြပွဲဆောင်ရွက်
Dec 07,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့ ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်
Dec 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး (Women Self Defense) ကိုယ်လုံပညာသင်တန်းဆင်းပွဲနှင့် အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ
Dec 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး (Women Self Defense) ကိုယ်လုံပညာသင်တန်းဆင်းပွဲနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဒီဇင်ဘာ (၆) ရက်၊ မွန်းလွဲ (၁) နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။