မြစ်သား ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ ကြည်ပြာဥစားကြက်မွေးမြူရေးခြံမှ ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရေးအတွက် ကြက်ဥတစ်လုံးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဘုရားရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကြည်ပြာဥစားကြက်မွေးမြူရေးခြံပိုင်ရှင်တို့မှ ကြီးကြပ်၍ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ စားသောက်ကုန်ပစ္စည်း ဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးလျက်ရှိပြီး မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူကြရာ ပြည်သူများအား တစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှုန်း ရောင်းချပေးရာ ကြက်ဥလုံးပေါင်း (၁၂၀၀)လုံးအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် လစဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြည်ပြာဥစားကြက်မွေးမြူရေးခြံလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)