ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေး  နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေး ရည်ရွယ်၍  နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းများကို ယနေ့နံနက် (၁၁)နာရီက ချောင်းဖျားကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က  ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် နယ်လှည့်ဟောပြောပွဲ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း