အိမ်မဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မြို့မမူလတန်းကြိုကျောင်းတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းတွင် မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံးမှ သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောခြင်းကို မြောင်းမြခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော် ကမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် သက်ငယ်မုဒိန်းမှုလျော့နည်းပပျောက်စေရေးနှင့် တရားရုံးသို့ တင်သွင်းရသောကလေးသူငယ် ကြီးကြပ်သူအစီရင်ခံစာအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ လုပ်ဆောင်ရပုံအဆင့်ဆင့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ခဲ့ကြသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)