တွန်းဇံ ဒီဇင်ဘာ ၈
ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြားသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့် ဆုရရှိသူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးဆုချီးမြှင့်ပေးပြီးနောက် အ.ထ.က ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် ဖျော်ဖြေပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူများနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးကြသည်။
အဆိုပါ(၁၀၃)နှစ်မြောက် မျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသူကျောင်းသားများ စုစုပေါင်းအင်အား(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇိုဇွန်းပါလ် (ပြန်/ဆက်)