လွိုင်လင် ဒီဇင်ဘာ ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ် ကျောင်းသူ/သားများအား မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် ဘာသာရပ်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ပြုလုပ်ပါသည်။
ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ပထမနှစ်တက်ရောက်ကြမည့် ကျောင်းသား/သူများကို ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ဒုတိယနှစ်မှ နောက်ဆုံးနှစ် ကျောင်းသား/သူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်ကြားစီမံကိစ္စများကိုလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် သင်ကြားမည့်ဘာသာရပ်အလိုက် သက်ဆိုင်ရာဌာနမှူးများကလည်းကောင်း၊ ဆက်လက်၍ ခရက်ဒစ်စစ်စတန်အကြောင်းများကို အသီးသီးရှင်းလင်းပြောကြားကြသည်။
အဆိုပါတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာထိန်းသိမ်းရေးမဟာဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာမဟာဌာန၊ ရူပဗေဒဌာန၊ ကွန်ပျူတာစက်မှုနည်းပညာဌာနများရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)