ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် ၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၈ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီက  အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးမှ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  (၁၀၃) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့်   သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ 

ဆက်လက်ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အခြေခံပညာအထက်တန်းအဆင့်နှင့်  အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်  ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား  တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး   အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်း  သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)