ရွှေဘိုမြို့နယ်တွင်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေး ညှိနှိုင်း​ဆွေး​နွေးပွဲ ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း​ဒေကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းက ရုံးလုံခြုံရေးဂရုစိုက်ကြရန်၊ ထုတ်ပြန်ထား​သော ရာဇဝတ်ကျင့်ထုံးဥပ​ဒေပုဒ်မ- ၁၄၄ အရ၊ ည(၁၀) မနက် (၄)နာရီအတွင်း ညမထွက်ရအမိန့်နှင့် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ​​ဒေသန္တရအမိန့်တို့သည် တည်မြဲဆဲဖြစ်​ကြောင်း၊ မိမိဌာနဝန်ထမ်းများအား အသိပေး တိကျစွာလိုက်နာကြရန်၊ စီမံကိန်းလျာထားချက်များ ပြည့်မှီ​ကျော်လွန်​ရေး၊​​ နွေစပါးရာထားချက် ပြည့်မီရေး တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်​ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရန်ပုံ​​ငွေဖြင့်​ ဆောင်ရွက်​နေသည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာ​ ဆောင်ရွက်ဆဲလုပ်ငန်းများ အမြန်ပြီးစီး​ရေး ​ပေါင်းစပ် ညှိနှိုင်း​ပေးရန်ရှိပါက တင်ပြရန်ဆွေးနွေး​ပြောကြားခဲ့ပြီး  ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားရန်ရှိပါက အထက်အဆင့်ဆင့်သို့ အသိ​ပေး တင်ပြကြရန် ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေး လုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြ​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်