တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)သို့ ပါဝင်ဆင်နွှဲ

ထားဝယ် ဒီဇင်ဘာ ၉

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ကိုယ်လက်လှုပ်ရှားအားစား ပြုလုပ်၍ ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)ကို ယနေ့ နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။

ထို့နောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာလွှတ်၍ ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရီအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်း လမ်းလျှောက်ခဲ့ကြကာ ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၂)ကို စုပေါင်း၍ပြုလုပ်ခဲ့ကြသည်။

ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယ) အပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/ကျောင်းသူ များအခြေခံပညာကျောင်းများမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများစုစုပေါင်း (၁၆၀၀) ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်အဖြစ် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲများတွင် တစ်ပျော်တစ်ပါးပါဝင်ဆင်နွှဲရာ ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ) ဆုရရှိသော အသင်းများအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)