ကျွန်းလှ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်နိုင် ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေး ခြင်းကို ယမန်နေ့က ရွှေကျွန်းမြေအားကစားကွင်း၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အပြေး၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက် အလျားခုန်၊ အိပ်ထမတင် ကစားနည်းများအား Grade-9 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံခိုင်မှု စစ်ဆေးပေးခြင်းကို မြို့နယ်ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဆရာ၊ ဆရာမများ ပူးပေါင်းပြီး ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးကြ ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ