ကျွန်းစု ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း (၅)ရက် ဖွင့်လှစ်သင်ကြားပြီးဖြစ်၍ သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းသန္တာက အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသူများနှင့် သင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
သင်တန်းကို ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာလ(၄)ရက်နေ့ မှ ဒီဇင်ဘာလ (၈)ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းကို သင်တန်းသူ (၁၀)ဦးအား စာတွေ့ လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)