စဉ့်ကိုင်မြို့နယ်တွင်  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စာရင်းစစ်ရုံးတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စဉ့်ကိုင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာ‌အေးအောင်နှင့် ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ ကွင်းဆင်းငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်းရွက်ခြင်းဖြင့် ကျောင်းသား/သူများသာမက ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်းဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်သောသူများ ဖြစ်စေရန်၊ စာပေ၏ တန်ဖိုးကို သိရှိစေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်တို့ကို ရည်ရွယ်၍ သုတ/ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာများနှင့် အခြေခံပညာကျောင်းများ အရောက် လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်း အသင်းဝင်ရောက်ပြီး အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)