အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြပွဲ ကျင်းပ

အမ်း ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသ‌ဆောင်ရွက်ခြင်းအား ယနေ့နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား/ကျောင်းသူ လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ၊ လူကုန်ကူးခြင်း ဖြစ်လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှု သားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန်ဆာအဖြစ် လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကို ဆန့်ကျင်ပြီး မှားသည့်လုပ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူး သူများ၏လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေး အ ကြောင်းအရာ များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူ လူငယ်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)