ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ အခြေခံအားကစား (ဝူရှူး၊ ပိုက်ကျော်ခြင်း) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၂

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ အခြေခံအားကစား (ဝူရှူး၊ ပိုက်ကျော်ခြင်း) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဝူရှူးသင်တန်းတွင် တက်ရောက်သင်ကြားခဲ့သော သင်တန်းသား၊ သင်တန်းသူများက ဝူရှူးသရုပ်ပြကွက်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တစ်လအကြာ ဖွင့်လှစ်ခဲ့သည် ဝူရှူးနှင့် ပိုက်ကျော်ခြင်းသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)