မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပန်းတနော် ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အားကစား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခြင်း၊ အ.ထ.က (၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက (Physical Dance)ဖြင့် ကပြဖျော်ဖြေခြင်းနှင့် ဘင်ခရာအဖွဲ့တို့မှ ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ စုစုပေါင်း (၁၆)သင်းဖြင့် (၄)သင်း၊ (၄)အုပ်စုဖြင့် ပြိုင်ပွဲကိုကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ (၁၁.၁၂.၂၀၂၃)မှ (၁၂.၁.၂၀၂၄) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပထမပွဲစဥ်အဖြစ် ဌာနဆိုင်ရာအသင်းနှင့် ရုံးတောအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)