ချောင်းဆုံ ဒီဇင်ဘာ ၁၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ပြည်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိအောင် စနစ်တကျ မွေးမြူနိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် အာဖရိက ဝက်အပျင်းဖျားရောဂါ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ကုလားဘီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စတင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အာဖရိကဝက်အပျင်းဖျား ရောဂါအကြောင်း၊ မွေးမြူရေးခြံများနှင့် တိရစ္ဆာန်များအတွက် ဇီဝလုံခြုံရေး ဆောင်ရွက်ချက်များနှင့် ကုန်ကျစရိတ်သက်သာသည့် တိရစ္ဆာန်အစားအစာများ ကိုယ်တိုင်ထုတ်လုပ်ကျွေးမွေးနိုင်ရေး စသည်တို့ကို မြို့နယ်(မွေး/ကု) ဦးစီးမှူး ဒေါက်တာ နွဲ့နွဲ့ရီနှင့် ဦးစီးအရာရှိ ဒေါက်တာ အေးမင်းတို့မှ သင်တန်းသား/သူ (၁၅) ဦးတို့အား (၂)ရက်ကြာ သင်ကြားပိုချပေးသွားမည်ဖြစ်ကြောင်းနှင့် မွေးမြူရေးခြံများအတွက် ဇီဝလုံခြုံရေး ပိုးသတ်ဆေးဗူးများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)