လှိုင်းဘွဲ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆီစက် လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမြင့်ထွန်းလျှံနှင့် ဆီစက်လုပ်ငန်းရှင်(၈)ဦး တက်ရောက် ကြကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်အလက်များအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော ဆီစက်လုပ်ငန်းရှင် (၈)ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀)သိန်း၊ ဆီစက်လုပ်ငန်းရှင် (၈)ဦးအတွက် စုစုပေါင်းငွေကျပ် (၄၀၀၀) သိန်းအား လက်ဝယ်ပေးအပ်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် ရွှေဂွန်းတိုက်နယ်တွင် ဆီထွက်သီးနှံတစ်မျိုး ဖြစ်သော ဆောင်းမြေပဲကို ယခုနှစ် အောက်တိုဘာလမှစတင်ကာ စိုက်ဧကပေါင်း (၆၈၇၉)ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
စောဖိုးခွား (ပြန်/ဆက်)