(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ (ထက်/လယ်/မူ)အဆင့်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အခြေခံပညာ (ထက်/လယ်/မူ) အဆင့်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၀၉:၀၀ နာရီက အဆိုပါကျောင်းရှိ စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ပွဲများသို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါ၀င်ယှဉ်ပြိုင် ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် (ထက်/လယ်/မူ) စုစုပေါင်း (၁၀၉)ဦး၊ ကဗျာပြိုင်ပွဲတွင် (ထက်/လယ်/မူ) စုစုပေါင်း (၆၄)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။ ပြိုင်ပွဲများကို ကျောင်းအလိုက် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများက စိစစ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့