သရက်ချောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်း
Dec 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွက် မိုးစပါးများရိတ်သိမ်းနေပြီဖြစ်ရာ မြို့နယ်အတွင်းမိုးစပါး (၂၆၀၁၆)ဧက လျာထားစိုက်ပျိုးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စုစုပေါင်းမိုးစပါး(၂၀၂၅၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းမှာ ၇၃.၅၇ တင်းရှိကြောင်း သိရသည်။