မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက်အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်ရှိ KPH အထည်ချုပ်စက်ရုံနှင့် Shin Sung Tong Sang Co;ltd အထည်ချုပ်စက်ရုံတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေပါရပိုင်ခွင့်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန်ရည်ရွယ်၍ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မရမ်းကုန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ခင်ဆွေမြင့်နှင့် ဦးစီးအရာရှိဒေါ်မေမြတ်မွန်တို့က အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ရွှေပေါက်ကံစက်မှုဇုန်ရှိ KPH အထည်ချုပ်စက်ရုံနှင့် Shin Sung Tong Sang Co;ltd အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အလုပ်သမား (၅၀)ဦးတက်ကြောင်းခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)