ကလေးမြို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကလေး ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် မြို့နယ်ဦးစီးအရာရှိ ဦးထွန်းမင်းအောင်မှ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၂၀)ကျော် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာဗဟုသုတများ ရရှိစေရန် ပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)